Smart Play
MY EN

စည်းကမ်းသတ်မှတ်ချက်များ

နောက်ဆုံး ပြင်ဆင်သည့်နေ့: ၁၈.၁၁.၂၀၂၆

ဝန်ဆောင်မှု မရယူမီ ဤစည်းကမ်းချက်များကို ဖတ်ရှုပါ။ Smart Play ဝန်ဆောင်မှုကို အတည်ပြုခြင်းဖြင့် ဤစည်းကမ်းချက်များကို သဘောတူပြီး ဖြစ်ပါသည်။

၁။ SmartPlay ဝန်ဆောင်မှုအကြောင်း

SmartPlay သည် စာရင်းသွင်းမှုတစ်ခုတည်းဖြင့် ပညာရေး၊ ဘာသာစကားလေ့လာရေးနှင့် ဖျော်ဖြေရေးဆိုင်ရာ ဝန်ဆောင်မှုသုံးမျိုးကို တစ်နေရာတည်းတွင် အသုံးပြုနိုင်စေသည့် ဒစ်ဂျစ်တယ်ဝန်ဆောင်မှုတစ်ခု ဖြစ်ပါသည်။

  • QuizPro – အထွေထွေဗဟုသုတနှင့် ဘာသာရပ်အမျိုးမျိုးဆိုင်ရာ မေးခွန်းများကို အဖြေမှန်ရွေးချယ်သည့်ပုံစံဖြင့် ကစားနိုင်သော ဉာဏ်စမ်းဂိမ်းဝန်ဆောင်မှုဖြစ်ပါသည်။
  • SpeakEasy – AI နည်းပညာ၏ အကူအညီဖြင့် ဘာသာစကားလေ့လာခြင်းနှင့် စကားပြောစွမ်းရည် လေ့ကျင့်မြှင့်တင်ခြင်းတို့ကို ဆောင်ရွက်နိုင်သည့် ဝန်ဆောင်မှုဖြစ်ပါသည်။
  • PlayVerse – အွန်လိုင်းဂိမ်းပေါင်း ၁၀၀ ကျော်ကို ကစားနိုင်သည့် ဖျော်ဖြေရေးဝန်ဆောင်မှုဖြစ်ပါသည်။

SmartPlay တွင် စာရင်းသွင်းထားရုံဖြင့် အဆိုပါ ဝန်ဆောင်မှုသုံးမျိုးလုံးကို သီးခြားစာရင်းသွင်းရန် မလိုအပ်ဘဲ အသုံးပြုနိုင်ပါသည်။

၂။ စာရင်းသွင်းမှုအစီအစဉ်များ

SmartPlay ဝန်ဆောင်မှုကို အောက်ပါ ဝန်ဆောင်မှုနှစ်မျိုးအနက် မိမိနှစ်သက်ရာကို ရွေးချယ်၍ စာရင်းသွင်းနိုင်ပါသည်။

  • နေ့စဉ်ဝန်ဆောင်မှု (Daily Package) – ၂၀၀ ကျပ်
  • ၃ ရက်ဝန်ဆောင်မှု (3-Day Package) – ၇၃၅ ကျပ်

မည်သည့်ဝန်ဆောင်မှုကို ရွေးချယ်သည်ဖြစ်စေ သက်ဆိုင်ရာ စာရင်းသွင်းမှုသက်တမ်းအတွင်း SmartPlay ဝန်ဆောင်မှုသုံးမျိုးလုံးကို အသုံးပြုခွင့် ရရှိမည်ဖြစ်ပါသည်။

၃။ အခမဲ့စမ်းသပ်အသုံးပြုခွင့်

SmartPlay ကို ပထမဆုံးအကြိမ် စာရင်းသွင်းသူများအတွက် ရွေးချယ်ထားသည့် ဝန်ဆောင်မှုအလိုက် အောက်ပါအတိုင်း အခမဲ့စမ်းသပ်အသုံးပြုခွင့် ပေးထားပါသည်။

  • နေ့စဉ်ဝန်ဆောင်မှု (Daily Package) – ၁ ရက် အခမဲ့စမ်းသပ်အသုံးပြုခွင့်
  • ၃ ရက်ဝန်ဆောင်မှု (3-Day Package) – ၃ ရက် အခမဲ့စမ်းသပ်အသုံးပြုခွင့်

ဤအခမဲ့စမ်းသပ်အသုံးပြုခွင့်ကို သတ်မှတ်ချက်နှင့် ကိုက်ညီသော အသုံးပြုသူတစ်ဦးလျှင် တစ်ကြိမ်သာ ရရှိနိုင်ပါသည်။

၄။ စာရင်းသွင်းခြင်းနှင့် ဝန်ဆောင်မှုစတင်အသုံးပြုခြင်း

အသုံးပြုသူများသည် SmartPlay ၏ စာရင်းသွင်းမှုစာမျက်နှာ (Landing Page) တွင် မိမိနှစ်သက်ရာ ဝန်ဆောင်မှုကို ရွေးချယ်ပြီး စာရင်းသွင်းရန် အတည်ပြုနိုင်ပါသည်။

စာရင်းသွင်းမှုလုပ်ငန်းစဉ်အတွင်း ATOM သုံးစွဲသူဖြစ်ကြောင်း စစ်ဆေးအတည်ပြုမည်ဖြစ်ပါသည်။ စာရင်းသွင်းမှု အောင်မြင်ပြီးနောက် SmartPlay ပင်မစာမျက်နှာမှတစ်ဆင့် QuizPro၊ SpeakEasy နှင့် PlayVerse ဝန်ဆောင်မှုများကို စတင်အသုံးပြုနိုင်ပါသည်။

၅။ ဝန်ဆောင်ခကောက်ခံခြင်းနှင့် အလိုအလျောက်သက်တမ်းတိုးခြင်း

  • အခမဲ့စမ်းသပ်အသုံးပြုခွင့်ကာလ ကုန်ဆုံးပြီးနောက် စာရင်းသွင်းမှုကို ပယ်ဖျက်ထားခြင်း မရှိပါက ရွေးချယ်ထားသည့် အစီအစဉ်၏ ဝန်ဆောင်ခကို ATOM ဖုန်းဘေလ်လက်ကျန်မှ အလိုအလျောက် ဖြတ်တောက်ကောက်ခံမည်ဖြစ်ပါသည်။
  • နေ့စဉ်ဝန်ဆောင်မှု (Daily Package) – ၂၄ နာရီပြည့်တိုင်း ၂၀၀ ကျပ်ဖြင့် အလိုအလျောက် သက်တမ်းတိုးမည်ဖြစ်ပါသည်။
  • ၃ ရက်ဝန်ဆောင်မှု (3-Day Package) – ၇၂ နာရီပြည့်တိုင်း ၇၃၅ ကျပ်ဖြင့် အလိုအလျောက် သက်တမ်းတိုးမည်ဖြစ်ပါသည်။

၆။ စာရင်းသွင်းမှု ပယ်ဖျက်ခြင်း

  • SmartPlay ဝန်ဆောင်မှုကို ဆက်လက်အသုံးမပြုလိုပါက SmartPlay ပင်မစာမျက်နှာရှိ Unsubscribe ခလုတ်ကို နှိပ်ခြင်း သို့မဟုတ် *1414# ကို ခေါ်ဆိုခြင်းဖြင့် အချိန်မရွေး စာရင်းသွင်းမှုကို ပယ်ဖျက်နိုင်ပါသည်။
  • စာရင်းသွင်းမှုကို ပယ်ဖျက်ပြီးပါက နောက်ထပ် အလိုအလျောက်သက်တမ်းတိုးခြင်းနှင့် ဝန်ဆောင်ခကောက်ခံခြင်းတို့ ရပ်တန့်သွားမည်ဖြစ်ပါသည်။
  • ပယ်ဖျက်သည့်အချိန်တွင် ငွေပေးချေပြီးသား ဝန်ဆောင်မှုသက်တမ်း ကျန်ရှိနေပါက အဆိုပါသက်တမ်းကုန်ဆုံးသည်အထိ SmartPlay ဝန်ဆောင်မှုသုံးမျိုးလုံးကို ဆက်လက်အသုံးပြုနိုင်ပါသည်။

Smart Play ဝန်ဆောင်မှု ရပ်ဆိုင်းရန်

၇။ ကိုယ်ရေးအချက်အလက် လုံခြုံရေးနှင့် ကာကွယ်မှု

အသုံးပြုသူများ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို သက်ဆိုင်ရာ ကိုယ်ရေးအချက်အလက်ကာကွယ်ရေးဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ လုံခြုံစွာ ကိုင်တွယ်ထိန်းသိမ်းမည်ဖြစ်ပါသည်။ အချက်အလက်များ၏ လျှို့ဝှက်မှုကို ထိန်းသိမ်းပြီး ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်အသုံးပြုခြင်း သို့မဟုတ် ထုတ်ဖော်ခြင်းတို့ မဖြစ်ပေါ်စေရန် လိုအပ်သည့် ကာကွယ်မှုများကို ဆောင်ရွက်မည်ဖြစ်ပါသည်။

နောက်သို့